မြန်အောင် စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အမှတ်(၆)ရပ်ကွက် ဧရာဝတီမြစ်ကမ်း ဘေးရှိ နေအိမ်များ မြစ်ရေဝင်ရောက်မှုကြောင့် ရွှေဘုံသာဘုရား တန်ဆောင်းဝန်းအတွင်းသို့ ယနေ့ နံနက်က အိမ်ထောင်စု(၁၉)စု ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အိမ်ထောင်စု(၁၉)စုမှ လူဦးရေ ကျား(၃၃)ဦး၊ မ(၃၇) ဦး စုစုပေါင်း(၇၀)ဦးတို့၏ လုံခြုံရေး၊ ကျန်းမာရေး၊ ရေကောင်းရေသန့်ရရှိရေး၊ အရေးပေါ်စားနပ်ရိက္ခာများ စီစဥ်ဆောင်ရွက်ပေးခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း ဦးဆောင်သော ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် အဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်) မြန်အောင်