မုံရွာမြို့၌ (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲဖွင့်ပွဲကျင်းပ

မုံရွာ စက်တင်ဘာ ၇

၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင် အဆင့် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြသလ္လာခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက မြန်မာနိုင်ငံအသီးသီးရှိ တိုင်းရင်းသား လူမျိုးအသီးသီးမှာ ကိုယ်ပိုင်ယဉ်ကျေး မှု၊ ရိုးရာဓလေ့များရှိပြီး အစဉ်အလာမပျက် ဆင့်ပွားတိုးတက်စေပြီး အနာဂတ်ကာလတိုင် လက်ဆင့်ကမ်း လွှဲပြောင်းသွားနိုင်စေရေးအတွက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆိုအက အရေး၊ အတီးပြိုင်ပွဲများကို နိုင်ငံတော်အနေဖြင့် ကျင်းပဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်ထိန်းသိမ်းရေး၊ ရိုးရာယဉ်ကျေးမှု အရှည် တည်တံ့ရေး၊ အစဉ် မြတ်နိုး ထိန်းသိမ်းရေးအတွက် အဓိကကျသော အမျိုးသားရေးတာဝန် တစ်ရပ် ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲဖွင့်ပွဲကို တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ မုံရွာခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုး၊ ခရိုင်ပညာရေးမှူး ဦးမြင့်ဆွေနှင့် သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးကျော်ဝိတ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရ သည်။

ထို့နောက် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းနှင့်၊ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် အခမ်းနားသို့ တက်ရောက် လာကြသူများက မုံရွာမြို့ အထက(၂)အလုံမှ ကျောင်းသားဟောင်း မောင်ကျော်လင်းသန့်နှင့် အဖွဲ့မှ “ရသစုံလင် ကကြိုးတစ်ခွင်” အကဖြင့် ကပြဖျော်ဖြေမှုအား လည်းကောင်း၊ အထက(၅)မှ ဗွေးတုတ်ယိမ်းအက၊ အထက(၂)မှ ကျေးလက်ရိုးရာအကတို့ဖြင့် ဧည်ခံဖျော်ဖြေမှုတို့အား ကြည့်ရှု အားပေးပြီး ဂုဏ်ပြုဆုများကို တာဝန်ရှိသူများက ပေးအပ်ချမြှင့်ခဲ့ကြပြီး တိုင်းဒေသကြီး သယံ ဇာတရေးရာဝန်ကြီးက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

ဆက်လက်၍ (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ စက်တင်ဘာလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ ခရိုင်အဆင့် အခြေခံပညာ(၁၀-၁၅)အဆင့်၊ အဆိုပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ အခြေခံပညာ(၁၅-၂၀)အဆင့်၊ အဆို ပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ အတီးပြိုင်ပွဲတို့တွင် ပြိုင်ပွဲဝင်(၁၀၆)ဦး ပါဝင်ယှဥ်ပြိုင်ကာ ပြိုင်ပွဲများအလိုက် ထူးချွန်ဆုရရှိသူများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများ ထိုက်ထိုက်တန်တန် ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ထူးချွန်ဆုရရှိသူများသည် တိုင်းဒေသကြီး အဆင့်သို့ ဆက်လက်ယှဥ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)