ပလတ်စတစ်ညစ်ညမ်းမှုကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ပြည်ကြီးမဏ္ဍိုင်    စက်တင်ဘာ    ၇

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့  ပူးပေါင်း၍   ပလတ်စတစ် ညစ်ညမ်းမှုကာကွယ်ရေး   အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို  ယမန်နေ့က အခြေခံ ပညာအထက်တန်း (ပြည်ကြီး မဏ္ဍိုင်) ကျောင်းတွင် ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဒုတိယဦးစီးမှူး  ဒေါ်ကေခိုင်ဝင်းက  ကမ္ဘာတွင် ပလတ်စတစ်သုံးစွဲမှုမှာနှစ်ပေါင်း (၁၀၀) ကြာမြင့်နေပြီဖြစ်ကြောင်း၊ လူအများသုံးစွဲပြီး စွန့်ပစ်လိုက် သည့်ပလတ်စတစ်များသည် နှစ်ပေါင်းရာချီ  မဆွေးမမြေ့ဘဲ  စုပုံနေတက်ကြောင်း၊ ပလတ်စတစ်သည်အလွန် အသုံးဝင်သည့် ပစ္စည်းဖြစ်သည့်အပြင် ဆိုးကျိုးအနေဖြင့်စွန့်ပစ်သည့် ပစ္စည်းများသည်လေထုရေထုနှင့်သဘာဝ ပတ်ဝန်းကျင်များကို ညစ်ညမ်းစေခြင်း၊ လူနှင့်အခြား သက်ရှိသတ္တဝါများကို အန္တရာယ်ပြုနိုင်ခြင်း၊ ရာသီဉတုကို ပြောင်းလဲခြင်း၊ ပလတ်စတစ်များ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများကြောင့် နှလုံးသွေးကြော ရောဂါ၊ အဆုတ်ပျက်စီးခြင်း၊ အူရောင်ခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ဟော်မုန်းပြောင်းလဲခြင်း၊ အဝလွန်ခြင်း အာရုံကြောရောဂါများ  ဖြစ်တတ်သဖြင့် ပလတ်စတစ်များအား  စနစ်တကျသုံးစွဲ၍ စွန့်ပစ်သင့်ကြာင်းတို့ကို ကျောင်းသား/ကျောင်းသူများ သိရှိနားလည်စေရန် အကျယ်တဝင့်ရှင်းလင်း ဟောပြောခဲ့သည်။

ဆက်လက်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဝန်ထမ်းများက  မူးယစ်ဆေးဝါးက လေးအလုပ်သမားပပျောက်ရေး၊ ပလတ်စတစ်ဆိုးကျိုးများနှင့် ပတ်သက်သည့်  နံရံကပ်စာစောင်များအားပြသရာ ကျောင်းသား/ကျောင်းသူများက  စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရ သည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)