ချောင်းသာ၌ အခြေခံစားသောက်ကုန် စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာဖြင့်​ ရောင်းချပေး

ချောင်းသာ စက်တင်ဘာ ၇

 ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်တွင် စားသုံးဆီများကို ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြို့နေအခြေခံလူတန်းစားပြည်သူများ အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန်  မြို့အုပ်ချုပ်ရေးအဖွဲ့ စီစဥ်မှု၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဦးဆောင်မှုဖြင့် Ayeyar Hinthar Trading Co.Ltd က စားအုန်းဆီရည်ညွှန်းစျေး တစ်ပိဿာ(၄၈၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆီများရောင်းချပေးရာတွင် ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု(၁)စုလျှင် ဆီငါးဆယ် ကျပ်သားနှုန်းဖြင့် စုစုပေါင်းအိမ်ထောင်စု (၄၀၀)အား ရောင်းချပေးခဲ့ပြီး မြို့အဆင့်ဌာနဆိုင်ရာ အဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက စနစ်တကျဝယ်ယူနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြ ကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)