မုံရွာစီးပွားရေးတက္ကသိုလ်၌ လူငယ်သီတင်းပတ် ဒုတိယနေ့ ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတဖလှယ်ပွဲကျင်းပ

မုံရွာ စက်တင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာစီးပွားရေးတက္ကသိုလ် လူငယ်သီတင်းပတ်ဒုတိယနေ့ ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတဖလှယ်ပွဲ အခမ်းအနား ကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်ရှိ အဆောင်(၇) ဘက်စုံခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ‌သီတာကြူ၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးကြီးများနှင့် ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊  တက်ရောက်ကြသည်။

ဦးစွာ မုံရွာစီးပွားရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ကြိုင်ကြိုင်သက်က ဖွံ့ဖြိုး တိုးတက်သည့် အနာဂတ်နိုင်ငံတော် တည်ဆောက် ရာတွင် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များ မွေးထုတ်ပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် လူငယ်များအရည် အချင်းရှိရှိနှင့် ပူးပေါင်းပါဝင်လာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် လူငယ်သီတင်း ပတ်ဆောင်ရွက်လှုပ်ရှားမှုများအား ကျင်းပဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ဗလငါးတန်ပြည့်စုံသည့် လူတော်လူကောင်း ဖြစ်ရန်လိုအပ်သကဲ့သို့ ကိုယ်ကျင့်တရားကောင်းမွန် ပြီး ကိုယ်ချင်းစာတရားထားသည့် စိတ်နှလုံးသားရှိရန်လည်း လိုအပ်ပါကြောင်း၊ ဗလငါးတန်နှင့် ပြည့်စုံသည့် မျိုးဆက်သစ် လူငယ်လူရွယ်များ ပြုစုပျိုးထောင်ပေးနိုင်အောင် တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ဘောဂဗေဒဘာသာရပ်အထူးပြု ဒုတိယနှစ်ဂုဏ်ထူးတန်း ကျောင်းသား မောင်စိုင်းဖြိုးနိုင်ဦးက သတင်းအချက်အလက် နည်းပညာနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ခေါင်းစဥ် ဖြင့်လည်းကောင်း၊ စီမံခန့်ခွဲမှုဘာသာရပ်အထူးပြု စတုတ္ထနှစ်ကျောင်းသူ မသင်္ဥာဖူးငုံကျော် က လူငယ်နှင့် ပြောင်းလဲမှုကိုလက်ခံခြင်း ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဝါဏိစ္စဗေဒဘာသာရပ် အထူးပြု တတိယနှစ်ကျောင်းသူ မအေးချမ်းမြေ့အောင်က စွန်းဦးတီထွင် လုပ်ငန်းရှင်များ၏ စရိုက်လက္ခဏာများ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ စာရင်းအင်းပညာဘာသာရပ် အထူးပြု ပထမနှစ် ကျောင်းသား မောင်ရဲသီဟက စာရင်းအင်းပညာနှင့် နေ့စဥ်ဘဝအကြောင်း သိကောင်းစရာများကို လည်းကောင်း၊ စာရင်းကိုင် ပညာဘာသာရပ်အထူးပြု စတုတ္ထနှစ်ကျောင်းသား မောင်သန့်ဇင်လင်း က LCCI,ACCA နှင့် BCom/BAct ဘွဲ့ရများ၏ ခြားနားချက် များအားလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသူများ၏ သိလိုသည့် မေးမြန်းမှုများကို  ဦး‌ဆောင် ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများမှ ပြန်လည်ဖြေကြားပေးခဲ့သည်။

ထို့နောက် မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ‌သီတာကြူက ဆွေးနွေးပေးသော ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ မုံရွာစီးပွားရေးတက္ကသိုလ် လူငယ်သီတင်းပတ် လှုပ်ရှားမှုများအား စက်တင်ဘာလ ရက်နေ့မှ ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတဖလှယ်ဆွေးနွေး ခြင်း များအပြင် ရိုးရာအားကစားပြိုင်ပွဲများ၊ လူငယ်နှင့် စာရိတ္တဆိုင်ရာဆွေးနွေးပွဲများနှင့် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ၊ ဥပုသ်သီလပွဲနှင့် တရားပွဲများ၊ ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် ဆုပေးပွဲများ၊ ကျောင်းသား၊ ကျောင်းသူများ၏ ပဒေသာကပွဲများနှင့် နှုတ်ဆက်ပွဲများတို့အပြင် ဖျော်ဖြေရေးအစီအစဉ် များဖြင့် စည်ကားသိုက်မြိုက်စွာ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)