မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး မြေစိုက်ဘုတ်၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ရုပ်ပုံများပြသ

မြဝတီ အောက်တိုဘာ ၁၆

မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေး လုပ်ငန်းများကို ပြည်သူများ သိရှိနိုင်စေရန် ရည်ရွယ်၍   ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့ နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အသိပညာပေး ရုပ်ပုံများကို ပြသထား လျက်ရှိသည်။

အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင်  ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် ကြိုတင်ကာ ကွယ်ရမည့် နည်းလမ်းများ၊ ရောဂါလက္ခဏာများ၊ အခြားသူများထံမှ ကူးစက်ခံရခြင်းမှ ကာကွယ်မည့်နည်းလမ်းများ၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် အနုပညာရှင်များ၏ အသိပေးစကားသံများအပြင် သတင်းမီဒီယာများနှင့် ပတ်သက်သည့် သတင်းအချက်အလက် ဝန်ပိမှုကို စီမံခန့်ခွဲခြင်း၊ သတင်းအချက်အလက်များ ရယူနိုင်မှုနှင့် သတင်းအချက်အလက် ဝန်ပိခြင်းဆိုသည်မှာ နေ့စဉ်မိမိသည် သတင်းအချက်အလက်များနှင့် လွန်ကဲစွာထိတွေ့မှုကြောင့် ကူရာမဲ့ခြင်း၊ စိတ်ပူပန်ကြောင့်ကြခြင်းများခံစားရခြင်း၊ အရေးကိစ္စတစ်စုံတစ်ရာနှင့် စပ်လျဉ်း၍ သတင်းအချက်အလက်များ အလွန်အကျွံများပြားသောကြောင့် ကောင်းစွာနားလည်ရန် ခက်ခဲ လာခြင်း စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်