ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရပ်ကွက် (၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃) အုပ်စုတို့ရှိ အချို့နေရာများအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှု ဖြစ်ပွား

ရွှေတောင် စက်တင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေ (၉၂.၂၉) ပေမြင့်တက်မှုကြောင့် ရပ်ကွက် (၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃) အုပ်စုတို့ရှိ အချို့နေရာများအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် သရက်တောရပ်ကွက်အတွင်းရှိ အိမ်ခြေ (၄၄) အိမ်၊ အိမ်ထောင်စု (၄၄) စုရှိ ကျား (၆၇) ဦး၊ မ (၈၁) ဦး၊ ယွန်းတန်းရပ်ကွက်အတွင်းရှိ အိမ်ခြေ (၁၁၉) အိမ်၊အိမ်ထောင်စု (၁၁၉) စုရှိ ကျား (၂၂၁) ဦး၊ မ (၂၄၄) ဦး၊ ကြာနီကန်ရပ်ကွက်အတွင်းရှိ အိမ်ခြေ (၄၇) အိမ်၊ အိမ်ထောင်စု (၅၃) စုရှိ ကျား (၉၄) ဦး၊ မ (၁၀၈) ဦး၊  မင်းတဲကျွန်းကျေးရွာ အုပ်စုအတွင်းရှိ အိမ်ခြေ (၉) အိမ်၊ အိမ်ထောင်စု (၁၂) စုရှိ ကျား (၁၈) ဦး၊ မ (၁၄) ဦး၊ ရှားပင်ကုန်းကျေးရွာ အုပ်စုအတွင်းရှိ အိမ်ခြေ (၃၁၅) အိမ်၊ အိမ်ထောင်စု (၃၃၀) စုရှိ ကျား (၆၀၂) ဦး၊ မ (၆၃၉) ဦး၊ စာသင်ကျောင်း (၂) ကျောင်း၊ ဘုန်းကြီးကျောင်း (၂) ကျောင်း၊ သောင်ပြင်ကုန်းကျေးရွာအုပ်စုအတွင်းရှိ စာသင်ကျောင်း (၁) ကျောင်း စုစုပေါင်းအိမ်ခြေ (၅၃၄) အိမ်၊ အိမ်ထောင်စု (၅၅၀) စုရှိ ကျား (၁၀၀၂) ဦး၊ မ (၁၀၀၆) ဦး၊ စုစုပေါင်းလူဦးရေ (၂၀၀၈) ဦး စာသင်ကျောင်း (၃) ကျောင်း၊ ဘုန်းကြီးကျောင်း (၂) ကျောင်းဧရာဝတီမြစ်ရေ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သည့် အိမ်ခြေ၊ အိမ်ထောင်စုများ၏ သောက်သုံးရေ၊ စားဝတ်နေရေး အဆင်ပြေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ကူညီဆောင်ရွက်ပေးလျှက်ရှိပြီး မြစ်ရေထပ်မံမြင့်တက်လာပါက ရေဝင်အိမ်ထောင်စုများ ပြောင်းရွေ့နေထိုင်နိုင်ရေး စီစဥ်ဆောင်ရွက်ထားရှိ ထားပါကြောင်းနှင့် ပြောင်းရွေ့မှုများရှိပါက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)