ရွှေတောင် စက်တင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိဦးသက်ပိုင်ထွန်း၏ လမ်းညွှန်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက ထန်းကုန်းအုပ်စု၊ (အ.လ.က)ရေနံမြေအလယ်တန်းကျောင်းတွင် စာသင်ကျောင်းအခြေပြုမီးဘေးလုံခြုံရေး အသိပညာပေးဟောပြော သရုပ်ပြသခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဒုတိယမီးသတ်ဦးစီးမှူးဦးလှိုင်းကိုကိုက ကျောင်းသား/ ကျောင်းသူလေးများကို မီးဘေးဆိုင်ရာအသိပညာများ စိမ့်ဝင်ပျံ့နှံ့စေရေးအတွက် မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာန၊ဒုတိယ မီးသတ်ဦးစီးမှူးဦးလှိုင်းကိုကိုနှင့် တပ်ဖွဲ့ဝင်များကကျောင်းသား/ ကျောင်းသူလေးများအား မီးသတ်ဆေးဘူးဖြင့် ကိုယ်တိုင်လက်တွေ့သရုပ်ပြသခြင်း၊ မီးသတ်ယာဥ်များဖြင့် ရေထွက်သရုပ်ပြသခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း ( ပြန် / ဆက်)