ကျိုက်ဒုံ အောက်တိုဘာ ၁၆
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့နံနက် ၁၀ နာရီက ဒေသတွင်နေထိုင်သည့် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ တိကျမှန်ကန်စွာ သိရှိနိုင်စေရန် အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားကြောင်းသိရသည်။
ထိုသို့ အသိပညာပေး နံရံကပ်စာစောင်များပြသရာတွင် ကိုဗစ် - ၁၉ ရောဂါ သိကောင်းစရာများ၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ရောဂါလက္ခဏာများ၊ အခြားသူများအား ရောဂါ ကူးစက်ခံရခြင်းမှ ကာကွယ်ပါ၊ လုံခြုံစိတ်ချတဲ့ အစားအစာများကို ချက်ပြုတ်စားသောက်ပါ အစရှိသော ကိုဗစ်-၁၉ ရောဂါ အသိပညာပေး အကြောင်းအရာများနှင့် နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို ဒေသနေပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရန်အတွက် ပြသထားပြီး ၎င်းအသိပညာပေး အချက်အလက်များကို IPRD iprdKyaikdon Page တွင်လည်း လွှင့်တင်ပေးထားကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်