မင်းလှမြို့တွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ

အထက်မင်းလှ  စက်တင်ဘာ  ၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီးစက်တင်ဘာလ(၈)ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့ နေ့လယ် (၁)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ‌ ဒေါ်ဇာဇာငြိမ်းက စာတတ်မြောက်ရေးနေ့အကြောင်း၊ စာမတတ်သူပပျောက်ရေးမှ စာမဖတ်သူပပျောက်ရေးသို့ ကြိုးပမ်းဆောင်ရွက်နေမှုများ၊ စာပေလေ့လာဖတ်ရှု့ခြင်း အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ စကားပုံဆက်ပြိုင်ပွဲကိုကျင်းပရာ မြောက်ရပ်အခြေခံပညာအလယ်တန်း ကျောင်းမှGrade(5)ကျောင်းသား၊ ကျောင်းသူ (၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ ပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များနှင့် နံရံကပ်စာစောင်များကို စိတ်ဝင်တစား ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)