ရွှေတောင်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ ကိုဗစ်-၁၉ အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရွှေတောင်     အောက်တိုဘာ  ၁၆


ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးဌာနမှမီးသတ်တပ်ဖွဲ့ဝင်များက မြိုပေါ်ရပ်ကွက်၊ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လူစည်ကားရာနေရာများဖြစ်သည့် စျေးများ၊ ရပ်ကွက်များ၊ ကျေးရွာပြည်သူ များအား ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက ဖြစ်ပွားတက်သော ရောဂါ လက္ခဏာများ၊ ရောဂါကူးစက်မှု မဖြစ်ပွားစေရန် တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေသင့်ကြောင်း မိမိတို့ရပ်ကွက်၊ ကျေးရွာများသို့ နေရပ်ပြန် များ ပြန်လည်ရောက်ရှိလာသူများရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးမှ တစ်ဆင့်သတင်းပေးပို့ရမည်ဖြစ် ကြောင်း၊ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေး အသိပညာပေး ညွှန်ကြားချက်များ ကို လိုက်နာကြရန်၊ ထုတ်ပြန်ထားသော ဥပဒေများကို သိရှိလိုက်နာ ကြရန် မီးသတ် မော်တော်ယာဉ်ဖြင့် လိုက်လံအသိပေးနှိုးဆော်လျက်ရှိကြောင်း သတင်းရရှိသည်။
ကိုကိုမင်း(ပြန်/ဆက်)