နတ်မောက် စက်တင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာ တောင်သူ ဦးမှတ်ကျော်၏ (၅)ဧကစံပြကွက်တွင် Seeder စနစ်ဖြင့် မိုးစပါးများ စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ Seeder စနစ်ဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်းဖြင့် စပါးမျိုးစေ့ အကုန်သက်သာခြင်း၊ အလုပ်သမားစရိတ် သက်သာခြင်း၊ အပင်အများ အတန်းလိုက်ဖြစ်၍ လေဝင်လေထွက်ကောင်း၍ ပေါင်းမြက်ရှင်းလင်းရန် လွယ်ကူခြင်း၊ အောင်မြင်ဖြစ်ထွန်းသော စပါးပင်များရရှိခြင်း၊ တစ်ဧကအထွက်နှုန်းတိုးတက်ရေးနှင့် ဆင်းသုခမျိုးစေ့ချကိရိယာ Seeder ဖြင့် စိုက်ပျိုးသည့်စနစ်သည် လုပ်သားလိုအပ်ချက် အနည်းဆုံး အစားထိုး စိုက်ပျိုးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
နတ်မောက်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် စပါးစိုက်ပျိုးရာတွင် မျိုးကောင်း၊ မျိုးသန့်စိုက်ပျိုးနိုင်ရေးနှင့် ဒေသဝမ်းစာဖူလုံရေးအတွက် အထွက်နှုန်းကောင်း စပါးမျိုးစေ့များ ထွက်ရှိရေးအတွက် စနစ်တကျ ထွန်ယက်ပြုပြင်ထားသော လယ်မြေများတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ကျကြီးကြပ်ဝန်ထမ်းများ၏ အနီးကပ်ကြီးကြပ်၍ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
မူမူစန်း