ဇလွန် စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့၌ အခြေခံလူတန်းစားများအား စားသုံးမှု အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ စားသုံးဆီများ အား ဈေးနှုန်းချိုသာစွာဖြင့် ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ဇလွန်မြို့ညောင်ပင်စျေးရပ်ကွက်တွင် ရောင်းချပေးခဲ့သည်။
ဟင်္သာတခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အခြေခံလူတန်းစားများအတွက် စားသောက်ကုန်ပစ္စည်များအား ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် စားအုန်းဆီ ရည်ညွှန်းစျေးတစ်ပိဿာလျှင် (၄၅၀၀) ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ငါးဆယ် ကျပ်သားနှုန်းဖြင့် စုစုပေါင်းပိဿာချိန် (၅၅၀)ကို ရောင်းချပေးခဲ့သည်။
ဝေယံ-ဇလွန် (ပြန်/ဆက်)