ဇလွန်မြို့၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် လူနေအိမ်များအတွက် ကယ်ဆယ်ရေးရန်ပုံ​ငွေ ထောက်ပံ့ပေးအပ်

ဇလွန် စက်တင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စုဝင်များ အတွက် ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲကို စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ရာတွင် ကြာအင်းကျေးရွာအုပ်စု ရေပေါက်ကြီးကျေးရွာ တွင် စက်တင်ဘာလ ၁  ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် ပြောင်းရွှေ့နေအိမ် (၁၄)လုံးအတွက် နေအိမ်တစ်လုံးလျှင် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ ၁၀၀၀၀၀ နှုန်း၊ ဆန်ရိက္ခာ တစ်ပတ်စာအတွက် တစ်ဦးလျှင်ငွေကျပ် ၂၁၀၀ နှုန်းဖြင့် စုစုပေါင်း လူဦးရေ (၆၄)   ဦးတို့အတွက် ဆန်ရိက္ခာ ထောက်ပံ့ငွေကျပ် (၁၃၄၄၀၀)၊  စုစုပေါင်း ထောက်ပံငွေကျပ်သိန်း (၁၅၃၄၄၀၀) တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဝင်းလွင်ဦးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဝေယံ-ဇလွန် (ပြန်/ဆက်)