ရေနံချောင်း စက်တင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်ရောင်းဝယ်ခြင်းမရှိစေရေး သုံးဆယ့်ခြောက်စစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များအား စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိသူများ ပူးပေါင်းကာ မော်တော်ယာဉ်များပေါ်တွင် တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်လာခြင်းရှိ၊ မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)