ကျွန်းလှ စက်တင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက် (၁၀) နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရုံးဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခြင်း စည်းမျဉ်း၊ စည်းကမ်းများ အကြောင်း ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူ (၄၄) ဦးအား လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ