မင်းလှမြို့နယ်တွင် ဒေါင်းဘုတ်-သရက်-မင်းလှလမ်း မြေနီကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်

အထက်မင်းလှ စက်တင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ကျေးလက်‌ လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဒေါင်းဘုတ်-သရက်-မင်းလှလမ်းမြေနီ ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်ရန်အတွက် (Subgrade) မြေနီခင်းခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဒေါင်းဘုတ်-သရက်-မင်းလှလမ်းမိုင်(၀/၀မှ၂/၁)အတွင်း(၀/၄)(0.8km) အား (5.49m)(၁၈)ပေ၊ အကျယ် (Subgrade) မြေနီ(၈)လက်မ ထုခင်းခြင်းလုပ်ငန်းကို ရောင်စဥ်ပွင့်သစ်ကုမ္ပဏီမှ စတင်ဆောင်ရွက်လျက်ရှိရာ  လုပ်ငန်းဆောင်ရွက်နေမှုများကို မင်းလှမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာမှ မြို့နယ်တာဝန်ခံအင်ဂျင်နီယာ ဒေါ်သီရိဖြိုးဝေဝင့် ကလုပ်ငန်းများစံချိန်၊ စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့သည်။

မင်းလှမြို့နယ်တွင် ဒေါင်းဘုတ်-သရက် မင်းလှလမ်း  မြေနီကျောက်ချော လမ်းခင်းခြင်းဆောင်ရွက် ပြီးစီးပါက ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေး ပိုမိုအဆင်ပြေ ချောမွေ့လာမည်ဖြစ်ပြီး၊ ကျေးလက်နေပြည်သူများအနေဖြင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)