ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြန်အောင်မြို့ လွန်ဆေးမြိုင်ပန်းခြံအနီး ကမ်းပြိုမှုဖြစ်ပွားခဲ့သောနေရာတွင် ရေပေါ်ရေလွှဲတန်းနှင့် Floating Unit များပြုလုပ်လျက်ရှိ
မြန်အောင် စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အမှတ် (၁) ရပ်ကွက် လွန်ဆေးမြိုင်ပန်းခြံအနီး ဆည်မြောင်းစွန့်ပစ်ရေကာတာဘေးတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့သောနေရာတွင် ရေပေါ်ရေလွှဲတန်းများနှင့် Floating Unit များပြုလုပ်ထားရှိ၍ ကမ်းပြိုကမ်းစားမှုသက် သာစေရန်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ကမ်းပြိုမှုဖြစ်ပွားခဲ့သောလွန်ဆေးမြိုင်ပန်းခြံအနီးဆည်မြောင်း စွန့်ပစ်ရေကာတာဘေး ကမ်းပြိုမှုဖြစ်ပွားသောနေရာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ စီမံမှုဖြင့် မြို့နယ်ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေပေါ်ရေလွှဲတန်း (၅) ခု ပေ ၁၅၀ ခန့် ဆောင်ရွက်ထားရှိပြီး ခရိုင်ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက Floating Unit ပေ (၁၅၀) ခန့်ပြုလုပ်၍ ကမ်းပြိုကမ်းစားမှုသက်သာစေရန် ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းဗိုလ် မြန်အောင်