ဆော အောက်တိုဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်း ရည်မှန်းချက်တာဝန်များ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဆောမြို့ ယောမင်းကြီး ဦးဘိုးလှိုင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင်နှင့် မြို့နယ်စီမံကိန်းရေးဆွဲ အကောင် အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်မင်းထွန်းတို့က အဖွင့် အမှာစကား ပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ အတွင်း ရေးမှူး မြို့နယ်စီမံကိန်းဦးစီးမှူး ဦးမျိုးညွန့်က ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်များ ပေးအပ်ရခြင်း ရည်ရွယ်ချက်များနှင့် ဆောင်ရွက်ရမည့် စီမံကိန်းရည်မှန်းချက်များအား ရှင်းလင်း ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်မင်းထွန်းမှ ဌာနဆိုင်ရာတာဝန်ရှိသူများအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း လျာထားချက်တာဝန်များကို ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက် ကြကြောင်း သိရသည်။
ဇော်မျိုးသန့်(ဆော)