ဇလွန် အောက်တိုဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ (CERP) အစီစဉ်အရ ဆောင်ရွက်သော (RS to CS) စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့်တွင် မေရီလန်းကျေးရွာ အကျိုးဆောင် တောင်သူ ဦးဝင်းမြင့်ဦး၏ စံကွက်တွင် ရိတ်သိမ်းခဲ့သည်။
စံကွက်ရိတ်သိမ်းရာတွင် မေရီလန်းကျေးရွာ အကျိုးဆောင်တောင်သူ ဦးဝင်းမြင့်ဦး၏ ဆင်းသုခစပါးမျိုး စိုက်ပျိုးထားကာ (ပိုက်ဆံလျှော်)သစ်စိမ်းမြေသြဇာသုံး စံပြစိုက်ကွက်တွင် ရိတ်ခြွေစက်ဖြင့် စံကွက်ရိတ်သိမ်းရာတွင် တစ်ဧကလျှင် အစိုအထွက်တင်း (၁၄၄.၅၃) တင်း၊ အခြောက်အထွက်တင်း (၁၂၉) တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်ကျော်စိုး၏ ပြောကြားချက်အရ သိရပြီး အဆိုပါစံကွက် ရိတ်သိမ်းပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်နှင့် တာဝန်ရှိသူများ၊ မျိုးစေ့ထုတ်တောင်သူများ လာရောက်ကြည့်ရူ့ အားပေးခဲ့ကြောင်း သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)