ကလေးမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အသိပညာ‌ပေးဟောပြောပွဲ အခမ်းအနားကျင်းပ

ကလေး စက်တင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အသိပညာ‌ပေးဟောပြောပွဲကို အမှတ်(၆)‌အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 ရှေးဦးစွာ အခမ်းအနားတွင်  အမှတ်(၆)‌အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ကလေးခရိုင်လူမှုဝန်ထမ်းဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေးမှူး ခေါ်ခင်မာထူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်သည့်အကြောင်းအရာများ၊ လူကုန်ကူးမှုကာကွယ်တားဆီးရေးနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပတ်သက်သော အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့ကြသည်။

ထို့နောက် ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ လူကုန်ကူးမှုကာကွယ်တားဆီးရေးနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပတ်သက်သော အသိပညာပေး  လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား‌၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)