ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် သော်ကရပ်ကွက်ရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

ဝါးခယ်မ စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယနေ့ နံနက် ၉ နာရီအချိန်က ဝါးခယ်မမြို့၊ သော်က ရပ်ကွက်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များမှ ၎င်းရပ်ကွက်ရှိ ဒေသခံပြည်သူ များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးအစီအမံများ၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာ ဆောင်ရွက်ရန် လိုအပ်ချက်များ၊ စိုက်ပျိုးရေး ဆိုင်ရာကိစ္စရပ်များ၊ မီးလင်းရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်မာရေးဆိုင်ရာကိစ္စရပ်များ၊ ပန်းခင်း စီမံချက်-၂ ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးကွင်းဆင်း‌ဆောင်ရွက်နေမှုများ၊ စားသုံးဆီနှင့် ဆန်စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများနှင့် ရပ်ရွာအေးချမ်းသာယာရေးဆိုင်ရာ ကိစ္စရပ် များအား အသိပေးဆွေးနွေးကာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ပူးပေါင်းပါဝင်ရန်လိုအပ်မှုအား အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများမှ လိုအပ်သော တင်ပြမှု များအပေါ် သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)