လှိုင်းဘွဲမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

လှိုင်းဘွဲ     စက်တင်ဘာ   ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ တာဝန်ထမ်းဆောင်နေသော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် စွမ်းဆောင်ရည်မြှင့်မားလာစေရန်အတွက် လုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ဩဂုတ်လ(၃၁)ရက်နေ့မှ စတင်ကာ စက်တင်ဘာလ (၄)ရက်နေ့အထိ (၅)ရက် ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရ သည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်းက လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို တက်ရောက်သော ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိကိုယ်ကို လုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျ ဆောင်ရွက်တတ်ရန် ကြိုးစားရမည်ဖြစ်ကြောင်း၊ သင်တန်းမှ ရရှိလာသောသင်ခန်းစာများ၊ အချက်အလက်များကို မှတ်သားထားပြီး အဓိကဆောင်ရွက်ရမည့် လုပ်ငန်းများအား နည်းစနစ်တစ်ကျ ဆောင်ရွက်ခြင်း၊ မိမိဒေသဒေသန္တရဆိုင်ရာအခြေအနေများ၊ အချက် အလက်များ၊ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေးများကို သိရှိရန် လိုအပ်ခြင်း၊ သင်တန်းတွင် ဌာဆိုင်ရာများမှ သင်ကြားသော အုပ်ချုပ်ရေးလုပ်ငန်းများ၊ တရားဥပဒေ စိုးမိုးရေး၊ ဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ မြေစာရင်းနှင်ပတ်သက်သည့် လုပ်ငန်းများကို စံချိန် စံညွန်းနှင့်အညီ ဆောင်ရွက်ရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး လုပ်ငန်းများ၊ လတ်တလော ဆောင်ရွက်ရမည့် လုပ်ငန်းများကို ထိထိမိမိဆောင်ရွက်ရန်၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ လုပ်ပိုင်ခွင့်များ၊ တာဝန်ဝတ္တရားများနှင့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ သိရှိစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပို့ချရခြင်း ဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စစ်ဗျူဟာ (အခြေချ)လှိုင်းဘွဲ ဗိုလ်မှူး ဇော်ရှိန်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး သိန်းထွန်း၊ ပိုင်ကျုံမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်၊ ရှမ်းရွာသစ်မြို့ အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၈၅)အုပ်စုမှ အုပ်ချုပ်ရေးမှူးများ နှင့် စာရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)