အောင်လံ စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၂၀၂၃ခုနှစ် TSDP အစီအစဉ်အရ၊ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရိုးရာခြင်းပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဘောလီဘောပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများတက်ရောက်ခဲ့ပြီး မြို့နယ်အားကာဦးစီးမှူး ဒေါ်စုမြတ်ခိုင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရိုးရာခြင်းပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဘောလီဘောပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိခဲ့သော အသင်းမှအားကစားသမားများအား တာဝန်ရှိသူများက ဆုငွေ၊ ဆုတံဆိပ်နှင့် ဒိုင်းဆုများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)