စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ၈/၂၀၂၃ ကြိမ်မြောက် အစည်းအဝေးကျင်းပ

မုံရွာ စက်တင်ဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ၈/၂၀၂၃ ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ တက်ရောက်ကြ သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က  ခရီးသွားလုပ်ငန်းသည် အခြား စီးပွားရေးကဏ္ဍများစွာနှင့် ပတ်သက် ဆက်နွယ်မှုရှိပြီး နေရာဒေသအားလုံးအတွက် တိုက်ရိုက်အကျိုးအမြတ် ရရှိစေသည့် လုပ်ငန်း တစ်ခုဖြစ်ပါ ကြောင်း၊ ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်လာရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြည်သူ၊ NGO အသင်းအဖွဲ့များ ဟန်ချက် ညီညီ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဈေးကွက်ရှာဖွေခြင်းတို့ ပြုလုပ်ပြီး ခရီးသွားလုပ်ငန်းပိုမို ကောင်းမွန်လာစေရန် မိမိတို့တတ်နိုင်သည့် ကဏ္ဍမှ ပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ခရီးသွားလုပ်ငန်းဆိုင်ရာများအား ရှင်းလင်း ပြောကြားပြီး တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေ သကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးမြင့်စိန်က ခရီးသွား လုပ်ငန်းကော်မတီ ၇/၂၀၂၃ ကြိမ်မြောက် အစည်းအဝေးတွင် ဇူလိုင်လအတွင်း ဟိုတယ်/တည်း ခိုရိပ်သာများတွင် ဧည့်သည်ဝင်ရောက်မှုအခြေအနေ၊ ထင်ရှားသည့်ခရီးစဉ် ဒေသများတွင် ခရီး သွားများဝင်ရောက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများနှင့် ဟိုတယ်လုပ်ငန်းရှင်များက တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားဝင်ရောက် မှု၊ ခရီးသွားဒေသများဝန်းကျင်တွင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု၊ လမ်းပန်းဆက် သွယ်ရေး၊ လုံခြုံရေးအခြေအနေများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြ သည်။

ထို့နောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အသီးသီးအကြံပြု ဆွေးနွေးတင်ပြ ချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေး ကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ အထူးကုသဆောင်တွင် ဆေးကုသမှုခံယူနေတော်မှုသည့် မုံရွာမြို့၊ မဟာဇောတိ ကာရာမကျောင်းတိုက်ကြီးမှ ဘဒ္ဒန္တ ပဏ္ဍဝံသ ဆရာတော်ကြီးထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွားရောက်၍ ဖူးမြော် ကြည်ညိုပြီး ကုသရေးလုပ်ငန်းများအား လိုအပ်ချက်မရှိအောင် တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ တာဝန်ရှိသူများနှင့် အတူ အာဟာရ ဖြည့်စွက်စာများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)