ပန်းတနော် စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဥ်မှုဖြင့် ဆန်စက်လုပ်ငန်းရှင်များပူးပေါင်း၍ စားအုန်းဆီနှင့်ဆန်များကို ပြည်သူများသို့ သက်သာသောစျေးနှုန်းဖြင့်ရောင်းချပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံရောင်းချ ပေးခဲ့သည်။
ထိုသို့ ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံမှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်ရှိ ပြည်သူများသို့ စားအုန်းဆီ ၅၅၀ ပိဿာအား ၁ ပိဿာလျှင် ၄၅၀၀ ကျပ်နှုန်းဖြင့် တစ်ဦးလျှင် ၅၀ ကျပ်သားနှုန်းဖြင့်လည်းကောင်း ဆန်စက်လုပ်ငန်းရှင်များမှ ဆန်တစ်ပြည် (၂၅၀၀) ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၁) စုလျှင် ဆန် (၁) ပြည်မှ (၃) ပြည်အထိ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော် (ပြန်/ဆက်)