ဓနုဖြူမြို့နယ်၌ စားသုံးဆီများဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေး

ဓနုဖြူ စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့မှ ပြည်သူများဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး စားသုံးဆီများဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့ စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် အမှတ်(၈)ရပ်ကွက် အခွန်လွတ်ဈေးတို့တွင် ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကုန်စျေးနှုန်းထိန်းညှိလျော့ချရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် စားအုန်းဆီ တစ်ပိဿာလျှင် (၄၅၀၀) ကျပ်နှုန်းဖြင့် လက်လီရောင်းချပေးလျှက်ရှိရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ နိုင်ငံ့ဝန်ထမ်းများအားလည်းကောင်း၊ အမှတ်(၈)ရပ်ကွက်ရှိ အခွန်လွတ်ဈေး၌ ပြည်သူများအားလည်းကောင်း ပိဿာချိန် (၅၅၀) အား ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အောင်ပြည့်ဖြိူးဇော် (ပြန်/ဆက်)