ရွှေတောင် စက်တင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးသက်ပိုင်ထွန်းဦးဆောင်၍ ယမန်နေ့ နံနက်ပိုင်းက ကြာနီကန်ရပ်ကွက်၊ ပြည်-ရန်ကုန် လမ်း (အ.ထ.က) အထက်တန်းကျောင်းတွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော သရုပ်ပြသခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဒုတိယမီးသတ်ဦးစီးမှူး ဦးလှိုင်းကိုကိုက ကျောင်းသား / ကျောင်းသူ လေးများကို မီးဘေးဆိုင်ရာအသိပညာများ စိမ့်ဝင်ပျံနှံစေရေးအတွက် မီးဘေးအသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးသက်ပိုင်ထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းသား/ ကျောင်းသူလေးများအား မီးသတ်ဆေးဘူးဖြင့် ကိုယ်တိုင်လက်တွေ့သရုပ်ပြသခြင်း၊ မီးသတ်ယာဥ်များဖြင့် ရေထွက်သရုပ်ပြသခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)