အောင်လံမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၃) သင်တန်းဖွင့်လှစ်

အောင်လံ စက်တင်ဘာ ၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၃) သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့လှနယ်မြေမီးသတ်စခန်းတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်က အဖွင့်မှာစကားပြောကြားပြီး၊ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်ထွေးက သင်တန်းသားများအား အရန်မီးသတ်တူညီဝတ်စုံများကို ထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါ သင်တန်းတွင် သင်တန်းသား (၅၀) ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ စက်တင်ဘာ လ ၄ ရက်နေ့မှ ၂၉ ရက်နေ့အထိ ရက်သတ္တ (၄) ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)