နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် စေတနာရှင်များမှ ဆေးရုံသုံးပစ္စည်းများနှင့် အလှူငွေများ လာရောက်လှူဒါန်း

နတ်မောက်  အောက်တိုဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး  လုပ်ငန်းများဆောင်ရွက်နိုင်စေရန် စေတနာရှင်များမှ ဆေးရုံသုံးပစ္စည်းများနှင့် အလှူငွေများ လာရောက်လှူဒါန်းခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန  အစည်း အဝေးခန်းမ၌ လှူဒါန်းခဲ့ ကြောင်းသိရသည်။   

အဆိုပါလှူဒါန်းခြင်းတွင် နတ်မောက်မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်အသုံး ပြုနိင်ရေးအတွက် အလှူရှင် များဖြစ်သည့် ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရွှေလေးနှင့် ဇနီးဒေါ်စိမ့်နီခင် မိသားစုနှင့် ညွှန်ကြားရေးမှူး ချုပ်များ ၊အင်ဂျင်နီယာချုပ်များ ၊ ဒု-ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး ၊ ဒု-ညွှန်ကြားရေးမှူး ၊လက်ထောက်ညွှန်ကြားရေးမှူး ၊ ဦးစီးအရာရှိ၊ အင်ဂျင်နီယာဝန်ထမ်း မိသားစု (၄၈)ဦးတို့မှအလှူငွေကျပ် (၆၈၃၀၀၀၀)နှင့် ရန်ကုန်မြို့နေ အလှူရှင်ဦးမြင့်ခိုင်နှင့် ဇနီးဒေါ်လှမိုးအေး မိသားစု(အေးရိပ်မွန်ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်)မှ အလှူငွေကျပ်(၈၂၁၀၀၀)တန်ဘိုးရှိ Oxygen Concentrator (၁) လုံး၊ ချွဲစုပ်စက်(၁)လုံး၊ ချွဲခြေစက်(၁)လုံးတို့အား နတ်မောက်မြို့နယ်ကျေးလက် လမ်းဦး စီးဌာနမ ှအလှူရှင်များကိုယ်စား နတ်မောက်မြို့နယ်  ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံသို့လာ ရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

လှဝင်း (နတ်မောက်)