အုတ်ဖို အောက်တိုဘာ ၁၆
ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိ ပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက အများပြည်သူမြင်သာသည့် နေရာတွင် ထားရှိသည့် မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သိကောင်းစရာများ အသိ ပညာပေးပြသထားရှိကြောင်း သိရသည်။
အဆိုပါမြေစိုက်နံရံကပ်ပြဘုတ်တွင် မီဒီယာနှင့်သတင်းအချက်အလက် သိရှိနားလည်သော မိဘအုပ်ထိန်းမှု အတတ်ပညာ၊ ကျန်းမာ ရေးဆိုင်ရာနည်းလမ်းများ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှု အကြောင်းဆွေးနွေး ရာ၌ ဆောင်ရန်/ရှောင်ရန်များ၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အချက်အလက်နှင့် ထင်မြင်ယူဆချက်များ၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ၊ ကလေးနှင့်သတင်း အတူ ကြည့်ပါစသည့် အကြောင်းအရာများ ပါဝင်သည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများ ပြသထားရှိကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)