မင်းလှမြို့၌ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေးအသိပညာပေး‌ ဆောင်ရွက်ခြင်းနှင့် ငှက်ပျောဖက်၊ အင်ဖက်များအား အခမဲ့ဖြန်ဝေပေး

အထက်မင်းလှ စက်တင်ဘာ ၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရန်နှင့် ကြွပ်ကြွပ်အိတ်အသုံးပြုမှု လျှော့ချရေး၊ ပလပ်စတစ်အိတ် ကြွပ်ကြွပ်အိတ်သုံးစွဲမှု လျှော့ချရေး အသိပညာပေးဆောင်ရွက်ခြင်းနှင့် ငှက်ပျောဖက်၊ အင်ဖက်များ အခမဲ့ဖြန့်‌ဝေပေးခြင်းကို ယနေ့ နံနက်(၈)နာရီက မင်းလှမြို့ ဇေယျာသီရိစျေးတွင်‌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပလပ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များသည် အလွယ်တကူဆွေး မြေ့ကြေပျက်မှုမရှိသည့်အတွက် ကမ္ဘာ့ရေထု၊ မြေထုအားညစ်ညမ်း‌စေခြင်း၊ အပင်များနှင့် သက်ရှိ သတ္တဝါများအတွက်အန္တရာယ်ဖြစ်စေနိုင်သဖြင့် ပလပ်စတစ်အိတ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျော ဖက်၊ အင်ဖက်၊ စက္ကူအိတ် စသည့် ထုတ်ပိုးပစ္စည်းများ အစားထိုးအသုံးပြုရေး အသိပညာပေး ဆွေးနွေးပြောကြားပြီး ဈေးရောင်း ဈေးဝယ်ပြည်သူများအား ပလပ်စတစ်သုံးစွဲမှုလျှော့ချ‌ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ဈေးရောင်းချသူများအား ငှက်ပျောဖက်နှင့် အင်ဖက်များ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေးနှင့် အစားထိုးအသုံးပြုရေး အသိပညာပေး  ဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း  သိရသည်။ 

ဇာဇာ(အထက်မင်းလှ)