မြို့သစ် စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပရဟိတလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသည့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ကော်မတီအစည်းအဝးကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်ဝင်းထက်က ပရဟိတလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသည့် အသင်းအဖွဲ့ပေါင်း (၉)ဖွဲ့ရှကြောင်း၊ အသင်းအဖွဲ့များအနေဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအားလုံးတွင် ပြည်သူများ၏ အရေးပေါ်အခြေအနေများရှိပါက ကူညီဆောင်ရွက်ပေးရန်လိုကြောင်း၊ ငွေကြေးကို အဓိကမထားပဲ ပရဟိတစိတ်ဓာတ်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ မော်တော်ယာဉ်များမောင်းနှင်ရာတွင်လည်း ယာဉ်မောင်းလိုင်စင်ရှိရန်လိုကြောင်း၊ အသင်းအဖွဲ့ကားများတွင် ရဟန်းသံဃာတော်များ မောင်းနှင်ခြင်း မပြုကြရန်လိုကြောင်း၊ မော်တော်ယာဉ်များတွင် လိုင်စင်ရှိထားရန်လိုကြောင်းနှင့် အသစ်လျှောက်ထားမည့် အသင်းအဖွဲ့များကိုလည်း မြို့နယ်အသင်းအဖွဲ့မှတ်ပုံတင်ရေးအဖွဲ့မှ စိစစ်လက်ခံပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့်အသင်းအဖွဲ့များ၏ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ၎င်းတို့လုပ်ကိုင်ဆောင်ရွက်နေသည့် အသင်းအဖွဲ့၏ လက်ရှိအခြေအနေများကို ရှင်းလင်းဆွေးနွေးရာ မြို့နယ်အသင်းအဖွဲ့မှတ်ပုံတင်ရေးကော်မတီဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)