နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

နတ်မောက်  အောက်တိုဘာ   ၁၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါကာကွယ် ၊  ထိန်းချုပ်ရေး အသိပညာပေး  လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၈)နာရီခန့်က မြို့ပေါ် (၇) ရပ်ကွက်သို့ လှည့်လည်၍  အသိ ပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့သည်။

ထို့သို့ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) က ထုတ်ဝေသော ကိုဗစ်-၁၉ အသိပညာပေး   သတင်းစကားလက်ကမ်းစာစောင်များကို     ဖြန့်ဝေခြင်း၊  ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသောညွှန်ကြားချက်များအားလိုက်နာဆောင်ရွက်ကြပါရန်၊ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကိုမိမိကစ၍ ကာကွယ်ပါ အဓိကသတင်းစကား (၁၀) ချက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူများသို့ပန်ကြားချက်များနှင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ဆောင်ရန် ရှောင်ရန်များကို အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်း များဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

လှဝင်း ( နတ်မောက်)