အထက်မင်းလှ အောက်တိုဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန ရုံးရှေ့မြေစိုက်နံရံကပ် ပြဘုတ် တွင် ပြည်သူများကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ တိကျမှန် ကန်စွာ သိရှိနိုင်စေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး ရုပ်ပုံများ နံရံကပ်စာစောင် ပြသခြင်းကို ယမန်နေ့ ညနေ (၄)နာရီက ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ အသိပညာ ပေးရုပ်ပုံများနှင့်ဆောင်ရန် ရှောင်ရန်များ၊ မီဒီယာနှင့် သတင်းအချက်အလက်များ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာ၌ ဆောင်ရန်ရှောင်ရန်များ၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ၊ သိရှိနားလည်မှုရှိသော မိဘအုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေးဆိုင်ရာ နည်းလမ်းများ၊ စကားအသုံးအနှုန်းပိုင်းကို သတိထားကြည့်ရှုပါ၊ ပုံရိပ်ရောင်နည်းပညာသွားရောက် လေ့လာရာဝယ်၊ ကလေးများနှင့် အတူ ရုပ်ရှင်ကြည့်ပါ၊ ကလေးများနှင့်အတူ သတင်းကြည့်ရာဝယ်စသည့် အသိပညာပေး အကြောင်းအရာများကို ပြသထားကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)