သာပေါင်း စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် သဲဖြူကျေးရွာအုပ်စုနှင့် အောင်တပ်ကျေးရွာအုပ်စုများတွင် စက်တင်ဘာလ ၃ ရက်နေ့၊ နံနက် ၉ နာရီအချိန်မှ စတင်၍ ကားလမ်းဘေး ဝဲ၊ ယာကုန်းမြင့် မြေပြန့်နေရာများ၌ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်ရန်အတွက် မျိုးစေ့ပေးအပ်ခြင်းနှင့် စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ခဲ့ကြသည်။
သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ထုတ်ရန်အတွက် မျိုးစေ့ပေးအပ်ခြင်းနှင့် စိုက်ပျိုးပွဲတွင် ပုသိမ်ခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးလင်းကိုကို၊ အတွင်းရေးမှူးခရိုင် စိုက်ပျိုးရေးဦးစီးမှူးဦးဝင်းစိုး၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူးဦးနေဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များ၊ အတွင်းရေးမှူး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဦးမျိုးမြင့်လွင်တို့က သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်ရန်အတွက် မိုးတွင်းကာလ ရေလွတ်ကုန်းမြင့် မြေပြန့်နေရာများ၌ စိုက်ပျိုးကြရန်နှင့် အကျိုးကျေးဇူးများ၊ စိုက်ပျိုးပြုပြင်ထိန်းသိမ်း၊ ရိတ်သိမ်းနည်းစနစ်များအား အသိပညာပေးရှင်းလင်း ပြောကြားပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
ထို့နောက်ခရိုင်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က မျိုးစေ့ထုတ် ရိပ်သိမ်းမြေဩဇာစိုက်ခင်းအဖြစ် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့များကို သာပေါင်း-ပုသိမ် ကားလမ်း ဝဲ၊ ယာရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအားပေးအပ်ခဲ့ကြပြီး ဒေသနေပြည်များနှင့်အတူ သဲဖြူကျေးရွာအုပ်စု၊ သဲဖြူကျေးရွာ၊ သာပေါင်း-ပုသိမ်-ချောင်းသာ ကားလမ်းမိုင်တိုင်အမှတ် (၉/၆)မှ(၁၀/၀)အထိ၊ အောင်တပ်ကျေးရွာအုပ်စု၊ အောင်တပ်ကျေးရွာ သာပေါင်း-သဲဖြူ ကားလမ်း မိုင်တိုင်အမှတ်(၁/၀)မှ (၁/၄)အထိ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း ပြန်/ဆက်