ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က စာကြည့်တိုက်များကိုထောက်ပံ့ငွေများအား ကျိုက်လတ်၌ပေးအပ်

ကျိုက်လတ်  အောက်တိုဘာ  ၁၆

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က တိုင်းဒေသကြီးအတွင်းရှိ စံ()ရပ်ညီစာကြည့်တိုက်များကို ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲက ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရွှေဝါလတ် ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျိုက်လတ်မြို့နယ် ကျုံလမုကျေးရွာရှိ '' ဘဝအလင်း'' စာကြည့်တိုက် အတွက် ထောက်ပံ့ပေးသည့်ငွေ နှစ်သိန်းကျပ်ကို မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်မြတ်ခိုင်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ကျုံလမုကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်အေးတို့အား လည်းကောင်း၊ စစ်ကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာရှိ ''ဦးဖိုးချမ်း'' စာကြည့်တိုက်အတွက် ထောက်ပံ့ပေးသည့် ငွေတစ်သိန်းကျပ်ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဘယ်နဒစ်ချောစုက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် စစ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းအောင်တို့ကို ပေးအပ်ခဲ့ ကြောင်း သိရသည်။

ရီရီမြင့်(ပြန်/ဆက်)