ကန်ကြီးထောင့် စက်တင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပုသိမ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ကျောင်းသား၊ ကျောင်းသူများနှင့်ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library Bus) ဖြင့် ယမန်နေ့နေ့လယ် (၁၁)အချိန်ခန့်က ကန်ကြီးထောင့်မြို့နယ်၊ အ.ထ.က(ခွဲ)ဘဲဂရက်ကျောင်းသို့ သုတ၊ရသ စာအုပ်/စာစောင်မျိုးစုံယူဆောင်၍ လာရောက်ငှားရမ်းပေးခဲ့ကြသည်။
အဆိုပါ ရွှေ့လျားစာကြည့်တိုက် လာရောက်ငှားရမ်းပးရာတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေဝါမြင့်နှင့် ဆရာ၊ဆရာမများမှ ကျောင်းသား၊ကျောင်းသူများအား အသင်းဝင်ခြင်း၊ စနစ်တကျ စာငှားခြင်းလုပ်ငန်းများအား ပူးပါင်းပါဝင်ဆာင်ရွက်ခဲ့ပြီး ငှားရမ်းစာအုပ်များဖြစ်သော ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာရရှိမည့် သုတ/ရသ စာအုပ်/စာစောင်များ စုံလင်စွာပါရှိကြကြောင်း သိရသည်။
ယနေ့ ငှားရမ်းပေးခဲ့သော စာအုပ်များအား (Mobile Library Bus) ဖြင့် ရက်သတ္တနှစ်ပတ်လျှင်တစ်ကြိမ် လဲလှယ်စနစ်ဖြင့် လာရောက်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)