ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်တီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မျိုးစေ့ထုတ်စိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုပြီး ပိုက်ဆံလျှော်မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားတက်ရောက်

ငပုတော စက်တင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးလင်းကိုကိုနှင့်အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက ငပုတောမြို့နယ် သက္ကယ်ချောင်းကျေးရွာ တောင်သူဦးမောင်မောင်စိုး၏ လယ်မြေတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေ (၁)ဘီလီယံဖြင့်ဆောင်ရွက်သည့် မိုးစပါးမျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းအား ဓာတ်မြေသြဇာကြဲပက်ပွဲ အခမ်းအနားကို ကြည့်ရှု့အားပေးကာ တောင်သူများနှင့်တွေ့ဆုံပြီး အပင်အတွက်လိုအပ်သည့် ဓာတ်မြေသြဇာများနှင့် သဘာဝမြေသြဇာများကို စနစ်တကျအချိုးကျ သုံးစွဲတက်စေရေးနှင့် တစ်ဧကလျှင် (၁၀)တင်းနှုန်း တိုးထွက်စေရေးအတွက် တောင်သူများသိရှိစေရန် အတွက်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တောင်သူဦးသိန်းလှိုင်၏ မိုးစပါးမျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းအားကြည့်ရှု့ပြီး လိုအပ်သည်များကိုမှာကြားကာ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာပိုက်ဆံလျှော် မျိုးစေ့များကို ထောက်ပံ့ပေးအပ်ခဲ့ပြီး သစ်စိမ်းမြေသြဇာပိုက်ဆံလျှော် မျိုးစေ့များကို စုပေါင်းကြဲပက်ကြသည်။ ဆက်လက်ပြီး ငပုတောမြို့နယ် ဖျန်ရေကျော်ကျေးရွာရှိ တောင်သူ ဦးသိန်းထွေး/ဒေါ်မေသဇင်ဦး၏ လယ်မြေတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေ (၁)ဘီလီယံ မှရယူဆောင်ရွက်သည့် မိုးစပါးမျိုးသန့် မျိုးစေ့ထုတ်စိုက်ပျိုးခင်းအား ဓာတ်မြေသြဇာကြဲပက်မှုနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးလင်းကိုကိုနှင့်အဖွဲ့ဝင်များသည် ငပုတောမြို့အဝင် ပုသိမ်-ငပုတော ကားလမ်းဘေးရှိ ပိုက်ဆံလျှော် စိုက်ပျိုးမည့် မြေနေရာအား ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ​ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)