သွင်းကုန်အစားထိုး သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူး စက်တင်ဘာ

ပဲခူးမြို့နယ်၊ အိုးဘိုကျေးရွာ၌ စက်တင်ဘာလလ()ရက်နေ့ နံနက်ပိုင်းက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်  ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေးစီမံကိန်း သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်မှ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး၊ မြို့ပြနှင့် ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး၊ တစ်ဘက်တစ်လမ်းမှ မိသားစုဝင်ငွေ တိုးပွား ရရှိလာစေရေး၊ တစ်ပိုင်တစ်နိုင် အသေးစား ကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင်ဆောင်ရွက်လာနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် နည်းလမ်း ပေါင်းစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေါ်ပေါက်လာစေရေး ရှေးရှု၍ အသက်မွေးဝမ်း ကျောင်း အထောက်အကူပြုသင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ဖို့ စီမံဆောင်ရွက်လျက်ရှိပြီး ယခုလည်း သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် ယခုသင်တန်းမှ သင်ကြားပေးလိုက်သည့် နည်းပညာများသည် အလွယ် တကူ လုပ်ငန်းထူထောင်နိုင်သည့် ပညာရပ်များ ဖြစ်တာကြောင့် မိမိတို့၏ မိသားစုဝင်များနှင့် တစ်ပိုင်တစ်နိုင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်လာနိုင်မှာ ဖြစ်ကြောင်း၊ ကိုယ်ပိုင်လုပ်ငန်းထူထောင် လုပ်ကိုင်သူများကိုလည်း မိမိတို့ အစိုးရအဖွဲ့မှ ဆက်လက်ကူညီ ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း၊ အသေးစားလုပ်ငန်း ငယ်များ ပေါများစွာ ပေါ်ပေါက်လာစေရေးနှင့် ဘေးဥပါဒ်ကင်းသော ထုတ်ကုန်ပစ္စည်းများ ဖြစ်ပေါ်လာစေရေးအတွက် အသေးစားစက်မှုလက်မှုလုပ်ငန်း မြှင့်တင် ရေးဥပဒေနှင့်အညီ လုပ်ငန်းမှတ်ပုံတင်ပေးခြင်း၊ ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သွင်းကုန်အစား ထိုး ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချလာနိုင်မှာဖြစ်သည့်အတွက် မိသားစုဝင်ငွေ တိုးပွားရရှိလာမှာ ဖြစ်သလို တိုင်းပြည်အတွက်လည်း စားသောက်ကုန် ပစ္စည်းများကို ပြည်ပမှမှာယူတင်သွင်းရခြင်း ကင်းဝေးပြီး နိုင်ငံခြားသုံးငွေကိုလည်း လျှော့ချပြီးသားဖြစ်သည့်အပြင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ရှင်သန်ဖွံ့ဖြိုးရေးကိုလည်း အထောက်အကူပြု စေမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သင်တန်းအတွက် လိုအပ်သော အသုံးအဆောင်ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး အမှတ် တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။ ၎င်းနောက် သင်တန်းသူများနှင့် ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြား ကာ ခင်းကျင်းပြသထားသော သင်တန်းအထောက်အကူပြု ပစ္စည်းများအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါ သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုန ည်းပညာသင်တန်းသို့ သင်တန်းသား/သူ (၁၅) ဦး တက်ရောက်ကာ သင်တန်းနည်းပြများမှ ဒေသ ထွက်သီးနှံ ကုန်ကြမ်းများအပေါ် အခြေခံ၍ ရာသီ အလိုက်ရရှိနိုင်သည့် ခရမ်းချဉ်သီး၊ သရက် သီး၊ မရမ်းသီး၊ သံပုရာသီး၊ သင်္ဘောသီးနှင့် နာနတ်သီး စသည့် သီးနှံများကို တန်ဖိုးမြှင့် စားသောက်ကုန်များ ဖြစ်သည့် ယိုနှင့် ဖျော်ရည်များအဖြစ် ပြုလုပ်နည်းများ အပြင် ခရမ်းချဉ်သီး ဆော့စ်၊ ဂျယ်လီနှင့် ပြောင်းဖူး ပေါက်ပေါက် ပြုလုပ်နည်းများကိုလည်း ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)