ရေနံချောင်း စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ်၌ (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် အကြိုလေ့ကျင့် ဖျော်ဖြေခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ပတ္တမြားခန့်မ၌ ကျင်းပ သည်။
အခမ်းအနားတွင် ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ချိုချိုမြင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးတို့ အဖွင့် အမှာစကားပြောကြားသည်။ ထို့နောက် (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများက မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း၊ မြန်မာ သီချင်းဆိုရအောင်၊ ဗိုလ်ရှုသဘင်၊ အတု အယောင်၊ မြစ်ကြီးဧရာဝတီ စသည့်သီချင်းများနှင့် တိုင်းရင်းသားရိုးရာအကများ၊ တေးသရုပ်ဖော်များဖြင့် အကြိုလေ့ကျင့်ဖျော်ဖြေကြရာ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များက လိုအပ်သည်များကို ပြင်ဆင်နိုင်ရန်အတွက် ဖြည့်ဆည်းမှာကြားသည်။
အဆိုပါ အခမ်းအနားသို့ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများ၊ ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ် နှင့် သင်ကြား/စီမံဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်