မုံရွာ စက်တင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မုံရွာခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး စားသုံးသူရေးရာဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဦးစွာ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဇင်မာဦးနှင့် တာဝန်ရှိသူများက ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းများဆောင်ရွက် နေမှုအခြေအနေများ၊ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ၊ စားသုံး သူများ၏ အခွင့်အရေး၊ စားသုံးသူ၏ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ စသည့် စားသုံးအခွင့်အရေး(၈)ချက်၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများအား ဆက်သွယ်တိုင်ကြား နိုင်သည့် နည်းလမ်းများအကြောင်း၊ တိုင်းကြားမှုများအား ဖြေရှင်းဆောင်ရွက်ပေးနေမှု အခြေအနေများ စသည့် သိကောင်းစရာများကို ပရိုဂျက်တာဖြင့် အသေးစိတ်ပြသရှင်းလင်း ဆွေးနွေးမှုများကို အသီးသီးအသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာကြသူများ၏ သိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ခရိုင်ဦးစီးမှူး နှင့် ဝန်ထမ်းများ၊ မုံရွာခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်းဦးစီးမှူးနှင့် ဝန်ထမ်းများ ဒေသခံ ပြည်သူများ စုစုပေါင်း (၅၀)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)