ကော့သောင်းမြို့တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲပြုလုပ်

ကော့သောင်း  စက်တင်ဘာ    ၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ဩဂုတ် (၂၈)ရက်နေ့မှ စက်တင်ဘာ(၂)ရက်နေ့ထိ ခရိုင်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community  Centre ခန်းမတွင် ကျင်းပြုလုပ်ခဲ့သော လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ (၁၀)နာရီခန့်ကကျင်းပခဲ့ရာ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်တင်သူဇာလှိုင်က သင်တန်း ဆင်းအမှာစကားပြောကြား ပြီး၊ ခရိုင်အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးထက်အောင်က သင်တန်းကိစ္စနှင့်ပတ်သက်၍အမှာစကားပြော ကြားခဲ့သည်။ တာဝန်ရှိသူများက(၅)ရက် တာသင်တန်းတက် ရောက်ပြီးစီးခဲ့သည့် သင်တန်းသူများအား သင်တန်းဆင်းလက်မှတ် နှင့်သင်တန်းကာလ အတွင်းပြုလုပ်ခဲ့သည့် လူသုံးကုန် ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။ ယင်းနောက် သင်တန်း သူတစ်ဦးမှ ကျေးဇူးတင်စကားများ ပြောကြားပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

အဆိုပါသင်တန်းတွင် ကော့သောင်းမြို့၊ မြို့ပေါ်ရပ်ကွက်အသီးသီးမှ သင်တန်းသူ(၂၀)ဦး ခန့်အား ဆပ်ပြာရည်အမျိုးမျိုး၊ လက်သန့်ဆေးရည်၊ အလှဖယောင်းပြု လုပ်နည်းနှင့်ပရုတ်ဆီ ပြုလုပ်နည်းများစသည့် လူသုံးကုန်ထုတ်လုပ်နည်း(၁၀)မျိုးအား စာတွေ့လက်တွေ့ သင်ကြား ပေးခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)