ဝါးခယ်မမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဝါးခယ်မ  စက်တင်ဘာ  ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယမန်နေ့ညနေ ၄ နာရီအချိန်က ဝါးခယ်မမြို့ မဟာဓမ္မိကာရုံကျောင်းတိုက် ဘုန်းတော်ကြီးသင်ပညာ‌ရေးကျောင်းရှိ ကျောင်းသားလေးများအား ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုဟောပြောပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကျင်းပရာ ရှေးဦးစွာ ဝါးခယ်မမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်မြင့်မှ ကလေးသူငယ်များနှင့်ပတ်သက်၍ ရသင့်ရထိုက်သည့်အခွင့်အရေးများ၊ ဥပဒေများနှင့်ပုဒ်မများအ‌ကြောင်းရှင်းလင်းပြောကြားခြင်း၊ မိမိတို့ဌာနမှ ကလေးသူငယ်အခွင့်အရေး များဆိုင်ရာဥပဒေနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးစီးမှူး ဦးအောင်မိုးမှ ကလေးသူငယ်များနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ၊ ဆိုးဆေးများစွာပါဝင်သည့်အချိုရေးများနှင့် ဘေးဥပါဒ်ဖြစ်စေနိုင်သည့်အစားအစာများ အကြောင်း ရှင်းလင်းပြောကြားခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရီရီလွင်မှ ကလေးသူငယ်များအား မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ အနာဂတ်မျိုးဆက်သစ် လူတော်လူကောင်းများဖြစ် လာစေရန်စာပေများလေ့လာမှတ်သားဖတ်ရှုခြင်း အစရှိသည့်အကြောင်း အရာများအား ရှင်းလင်းပြောကြားပြီး မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေးနံရံကပ်စာစောင်အား ပြသခဲ့ ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)