ငဖဲ စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပန်းထိန်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)တွင် မူးယစ်ဆေးဝါးကာကွယ် တားဆီးရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် မူခင်းကျဆင်း ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်ဝင်းမြင့်ဌေးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၃၅)ဦး တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက မူးယစ်ဆေးဝါးကာကွယ်တားဆီးရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် မှုခင်း ကျဆင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ် ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ ယဉ်ကျေးလိမ္မာသည့် လူတော်လူကောင်းများဖြစ်အောင် နေထိုင်ကြရန်နှင့် ဘက်စုံထူးချွန်ထက်မြက်စေရန် အတွက် ကျောင်းစာ များကို ကြိုးစားသင်ယူကြရန်၊ ကျောင်းသားလူငယ်အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု များ မပြုလုပ်ကြရန်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ်ကို သိရှိပြီး သုံးစွဲခြင်းမပြုလုပ်ကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသန်းဇော်က မှုခင်းကျဆင်းရေး၊ လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုဆိုင်ရာ သိကောင်း စရာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ မှုခင်းများ မဖြစ်ပေါ်စေရေး ကျောင်းသားကျောင်းသူများ သိရှိလိုက်နာ ရမည့် အချက်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအကြောင်းကို ဆွေးနွေး ဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက မှုခင်းကျဆင်းရေးဆိုင်ရာများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်း ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်၍ ဖြေကြားပေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)