စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

မုံရွာ စက်တင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုး သား/အမျိုးသမီး ဘောလီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၁ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ တွင်ကျင်းပရာ ဆုချီးမြင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအုပ်ချုပ်သူ များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက အမျိုးသားဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ဝက်လက်မြို့နယ်အသင်းနှင့် စစ်ကိုင်းမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကာ ဝက်လက်မြို့နယ်အသင်းမှ စစ်ကိုင်းမြို့နယ် အသင်းအား ၂ ပွဲပြတ်ဖြင့် အနိုင် ရရှိသွားသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့က နေရာအလိုက် အကောင်းဆုံး ဆုရရှိကြ သော အမျိုးသား/အမျိုးသမီး အားကစားသမားများအား ဆုတံဆိပ်များအသီးသီး ပေးအပ်ချီးမြှင့် ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်ကျော်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော်တို့က ပူးတွဲ တတိယဆုရရှိသော ဝန်းသိုမြို့နယ်၊ စစ်ကိုင်းမြို့နယ် အမျိုးသမီးဘော်လီဘောအသင်းအား တစ်ဦးချင်းဆုတံဆိပ် များနှင့် ငွေသားဆုအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးနှင့် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းတို့က ပူးတွဲ တတိယဆုရရှိသော ကနီမြို့နယ်၊ ခန္တီးမြို့နယ် အမျိုးသားဘော်လီဘောအသင်းအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုအား အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒုတိယဆုရရှိသော အင်းတော်မြို့နယ် အမျိုးသမီးဘော်လီဘောအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသား ဆုအားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ဒုတိယဆုရရှိသော စစ်ကိုင်းမြို့နယ်၊ အမျိုးသားဘော်လီဘောအသင်းအား တစ်ဦး ချင်းဆုတံဆိပ်များနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပထမဆုရရှိကြသော ချောင်းဦးမြို့နယ်၊ အမျိုးသမီးဘော်လီဘောနှင့် ဝက်လက်မြို့နယ်၊ အမျိုးသားဘောလီဘော အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုများအား ပေးအပ်ချီး မြှင့်ကာ ဆုရရှိကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ 

တိုင်းဒေသကြီး(ပြန်/ဆက်)