ရွှေဘို စက်တင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ဒေါက်တာ ဦးသန်းထွန်း ပညာရေးဖောင်ဒေးရှင်းမှ စာပေဒါန ကျောင်းစာကြည့်တိုက်နှင့် ပြည်သူ့စာကြည့်တိုက်၊ တက္ကသိုလ် စာကြည့်တိုက်များအတွက် စာအုပ်လှူဒန်းပွဲကို ခရိုင်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ဩဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာအုပ်လှူဒါန်းပွဲတွင် အလှူရှင်ကိုယ်စား၊ ခရိုင်ပညာရေးမှူး ဦးစိုးနိုင်က စာအုပ်များ လှူဒါန်းရ ခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ဒေါက်တာ ဦးသန်းထွန်း ပညာရေးဖောင်ဒေးရှင်းမှ ပညာဒါနလှူဒါန်းသော ဆရာကြီးဒေါက်တာ ဦးသန်းထွန်း(ရွှေဘို) ရေးသားထုတ်ဝေထားသည့် စာအုပ်များအနက်မှ စာကြည့်တိုက် တစ်တိုက်လျှင် စာအုပ်အမျိုးအစား(၂၀)၊ စာကြည့်တိုက်ပေါင်း (၁၃)တိုက်အတွက် အလှူရှင် ကိုယ်စား ခရိုင်ပညာရေးမှူး ဦးစိုးနိုင်က လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်