ဇလွန် စက်တင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဇလွန်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ သက်သာ ချောင်ချိစေရေးအတွက် စားသုံးဆီများကို ဈေးနှုန်းချိုသာစွာဖြင့် ယနေ့ မွန်းလွဲ ၁ နာရီတွင် မြို့နယ်အထွေထွအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ရောင်းချ ပေးခဲ့သည်။
ဟင်္သာတခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ဇလွန်မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ သက်သာချောင်ချိစေရေးအတွက် စားသုံးဆီ တစ်ပိဿာလျှင် (၄၆၀၀) ကျပ်နှုန်းဖြင့် ဝန်ထမ်းတစ်ဦးလျှင် တစ်ပိဿာနှုန်း ရောင်းချပေးခဲ့သည်။
ဝေယံ - ဇလွန် (ပြန်/ဆက်)