ဖြူးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေသိန်း(၂၀၀)အား ကျေးရွာကော်မတီများထံသို့ လွှဲပြောင်းပေးအပ်

ဖြူး စက်တင်ဘာလ ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ သိန်း(၂၀၀)အား ကျေးရွာကော်မတီဝင်များထံသို့ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီခွဲအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးစောမင်းသူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးကျော်မျိုးအောင်မှ  မြစိမ်းရောင်စီမံကိန်းများနှင့်ပတ်သက်၍     ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာဖြစ်သည့် ဇဟာကျေးရွာအုပ်စု၊ ဇဟားအလယ်ကျေးရွာအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ သိန်း(၂၀၀)အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌက  လွှဲပြောင်းပေးအပ်ပေးရာ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာကော်မတီဝင်များက လက်ခံရယူခဲ့ကြကြောင်းနှင့် ဖြူးမြို့နယ်အတွင်း မြစိမ်းရောင်စီမံကိန်းဆောင်ရွက်သည့် ကျေးရွာပေါင်း(၅၇)ရွာရှိကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)