ကလိန်အောင် စက်တင်ဘာ ၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကလိန်အောင်မြို့အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များအား ဇီဝဆိုင်ရာ (Biometric Data) အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးကြကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရေဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးမြင့် ဦးဆောင်သည့်ဝန်ထမ်းများအဖွဲ့က ဦးတည်အုပ်စုများသတ်မှတ်၍ " e-ID စနစ်ဆောင်ရွက်ဖို့ လူမှုစီးပွား မြှင့်တင်စို့ ဆောင်ပုဒ်နှင့်အညီ နိုင်ငံအတွင်း နေထိုင်သည့် အသက်(၁၀)နှစ်ပြည့်ပြီးသူများကို အီလက်ထရောနစ်စနစ်ဖြင့်ကိုယ်ရေး အချက်အလက်များနှင့်ဇီဝဆိုင် ရာအချက်အလက်များ (Biometric Data)ကို ကောက်ယူမှတ်တမ်းတင်ကာ ဂဏန်း(၁၀)လုံးပါ သည့် UID (Unique Identity) (Unique ID) နံပါတ်ပါစာရွက်ကို ကာယကံရှင်ထံ ချက်ခြင်းပြန်လည်ထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ရာတွင် လူတစ်ဦးချင်းစီ၏ (Biometric Data) ကိုယ်ရေးအချက်အလက်များကို ကောက်ယူပြီး၊ Database အတွင်းသို့ ထည့်သွင်းခြင်းလုပ်ငန်းဆောင်ရွက်ရာမှာ သတ်မှတ် (ပုံစံ-၁)ဖြင့် မျက်လုံး၊ မျက်နှာ၊ လက်ဗွေ စသည်တို့ကို Screen ဖတ်ပြီး Biometric Data များစာရင်းကောက်ယူ ပြီးစီးသည့် လူတစ်ဦးချင်း စီအား QR Code ပါပြီး ဂဏန်း(၁၀)လုံးပါသည့် Unique ID နံပါတ်စာရွက်ကို ပြန်လည်ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဇီဝဆိုင်ရာ (Biometric Data)အချက်အလက်များကောက်ယူရာတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားရှိပြီးသူနိုင်ငံ့ဝန်ထမ်း(၂၄)ဦး၊ မိသားစုဝင်(၅၀)ဦး စုစုပေါင်း (၇၄)ဦးတို့အား နေ့ချင်းပြီးကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)